အလည်ရောက်လာသူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

Blogroll

Monday, November 17, 2014

How To Backup & Restore Your Pc ( ကွန်ပျူတာမှာဘက်အပ်လုပ်ယူနည်း & ပြန်သွင်းနည်း)

မင်္ဂလာပါ ကျွန်တော် ကွန်ပျူတာမှာ ဘက်အပ် လုပ်ဆောင်ခြင်း ကဏ္ဍကို အရှင်းလင်းဆုံး၊ နားလည်နိုင်ဆုံး ဖြစ်စေရန်အတွက် အသေးစိတ်တစ်ဆင့်ချင်းကို   ပုံလေးတွေနဲ့ တကွ ရှင်းလင်းဖေါ်ပြပေးထားတာပါ။

ကဲစလိုက်ကြရအောင် back up ဘာလို့ လုပ်ရသလဲဆိုတာကို အရင် သိသလောက်ပြောပြပါ့မယ်နော်....
ကွန်ပျူတာတွေရဲ့ ဝင်းဒိုးပြဿနာတွေ ခဏခဏတက်နေတဲ့အတွက် အစကနေပြန်ပြန်ပြီး Windows မတင်ချင်တာရယ်၊ ကိုယ်ထည့်သွင့်ထားတဲ့ program တွေကို Windows ကြောင့်၊ virus ကြောင့်၊ အခြားပြဿနာ တစ်ခုခုကြောင့် ဖြစ်စေ မပျက်ဆီး မဆုံးရှုံးခင်မှာ back up လုပ်ထားလိုက်ရင် Windows ပြန်တင်စရာမလိုဘဲ အဲဒီ back up Image ဖိုင်ကို ပြန်ထည့်လိုက်တာနဲ့ Windows လည်း တင်ပြီးသား ဖြစ်သလို  Software တွေလည်း တင်ပြီးသား ဖြစ်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ တကယ်တော့  Windows Partition အပိုင်းတစ်ခုလုံးကို Image file အဖြစ် copy ကူးယူလိုက်ခြင်းဖြစ်ပါတယ်...ဒါလေးကို ကျွန်တော် စတင်လုပ်ခဲ့စဉ်က  နေမင်းမောင်  ဆိုဒ်မှာ တွေ့ပြီး လေ့လာလုပ်ဆောင်ခဲ့ဘူးပါတယ်...

သိထားရမှာကတော့   back up လုပ်တယ်ဆိုတာ ဝင်းဒိုးတင်ပြီး အရေးကြီးလိုအပ်တဲ့ Program တွေ၊ Driver တွေ ထည့်ပြီးတဲ့ အချိန် မှာ လုပ်ထား တာပိုကောင်းပါမယ်နော်...အချိန်ကာလကြာလာမှ လုပ်ကြမယ်ဆို  ဝင်းဒိုးထဲမှာလဲ program တွေများလာမှာဖြစ်တဲ့အတွက် ဒီအချိန်ကြမှ back up လုပ်မယ်ဆိုရင် အချိန် အရမ်းကြာမှာဖြစ်ပြီ Restore ပြန်လုပ်မယ်ဆိုရင် လဲအချိန်တွေကြာနေ အုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ့ အပေါ်မှာ ကျနော်ပြောခဲ့သလို ဝင်းဒိုးတင်ပြီး လိုအပ်တာတွေ ဖြည့်စွပ်ပြီးတဲ့ အချိန်မှာ back up လုပ်ပေးကြပါ ဒါမှ Windows ပြန်တင်ရတဲ့ ဒုက္ခ ၊ program တွေ ၊ Driver တွေ ထည့်သွင်း ရတဲ့ ဒုက္ခ မှကင်းဝေးမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ့ ပြောရမယ်ဆိုရင် ဝင်းဒိုးတစ်ခုလုံးကို back up မလုပ်ဘဲ မိမိအတွက် အသုံးဝင်တဲ့  program ကိုဘဲ back up လုပ်နိုင်တာပါ။ မိမိတို့  back up လုပ်တဲ့အချိန်များမှာ Data တွေကိုရွေးချယ်ပြီး back up လုပ်ခွင့်ရှိတာကို ရွေးချယ်ပေးခဲ့မယ်ဆိုရင် မိမိ back up လုပ်ချင်တာကိုဘဲ လုပ်နိုင်မှာဖြစ်ပါတယ်။ restore ပြန်လုပ်မယ်ဆိုရင်လဲ မိမိအသုံးပြုမယ့် back up file ကိုဘဲ restore ပြုလုပ်နိုင်ပါတယ်။
သည်လို နည်းလမ်းလေးတွေကိုလည်း ကျွန်တော်ကိုယ်တိုင်  စတင်လေ့လာစဉ်က  မှတ်သားခဲ့ဖူးတာလေးတွေကို  ယခုချိန် ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်...
မူပိုင်နည်းပညာတွေ မဟုတ်ပေမယ့်  လက်ဆင့်ကမ်းတဲ့အနေနဲ့  မှတ်သားထားမိသလောက်တော့ ပြန်လည် ဝေမျှသွားမှဖြစ်ပါတယ်နော်...
လေးစားစွာဖြင့်....ဘလော့ခရီးသည်

 How To Backup Your Pc
 ပုံနှင့်တစ်ကွ  ကျွန်တော် လုပ်ထားတာလေးတွေကို တဆင့်ခြင်းရှင်းသွားပါ့မယ်နော်..
စဖို့ရာအတွက် မိမိတို့ ကွန်ပျူတာမှ  Contropanel  ကိုသွားလိုက်ပါ
အဆင့် (၁)          အနေနဲ့ Backup and  Restore  ဆိုတာကိုကလစ်လိုက်ပါ။
အဆင့်  (၂)             အနေနဲ့ဆက်လက်ပြီး Set Up Backup  ကိုကလစ်လိုက်ပါ။


အဆင့် (၃)                အနေနဲ့ကတော့ အပိုင်းတွေ မြင်နေရပါမယ် မိမိတို့ သိမ်းလိုသောအပိုင်းကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်


အဆင့်  (၄)       အနေနဲ့ကတော့ Let Me Choose  ဆိုတာအမှတ်ပေးကာ အောက်က Next ဆိုတာကလစ်ပါ။

အဆင့်  (၅)           အနေနဲ့ကတော့မိမိတို့ Backup  လ်ုပလိုသော အပိုင်းတွေ ဖိုင်တွေ ကိုရွေးချယ်နိုင်ပါတယ်။


အဆင့် (၆)           အနေနဲ့Change schedule ဆိုတာကလစ်ပြီး ဆက်သွားပါ။

အဆင့်  (၇)               အနေနဲ့ အချိန်ကာလ နေ့ရက်တွေ ရွေးချယ်နိုင်ပါတယ်။


အဆင့်  (၈)          အနေနဲ့ မိမိတို့ Backup လုပ်ငန်းစတင်နေပါပြီ....စောင့်နေလိုက်ပါနော်။


အချိန် အသင့်တင့်တော့ ကြာပါမည်... စောင့်နေရပါမယ်နော်...ဒါဆို မကြာခင်မှာ မိမိတို့  ကွန်ပျူတာမှ Backup  ကိုရရှိမှာဖြစ်ပါတယ်... သည်လောက်ဆို  Backup   လုပ်ဆောင်ခြင်း ကို နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. BACKUP  လုပ်ဆောင်ချက်လေးများကို စာအုပ်အဖြစ် ဒေါင်းယူလိုပါက.....

How To Backup Your Pc ( PDF-DOWNLAOD)

Restore  လုပ်နည်းကိုလည်း ဆက်လက် ရေးသား ပေးပါ့မယ်...နော်..


ကွန်ပျူ တာမှာ RESTORE  ပြုလုပ်နည်း

အဆင့်  ( ၁ )  အနေနဲ့  မိမိတို့ ကွန်ပျူတာ နဲ့ Contropanel ကိုဝင်ပြီး Backup and restore  ကိုဝင်ပါ။
 
အဆင့်  ( ၂ )        အနေနဲ့  Recover system setting or your computer   ကို Click ပါ။
 အဆင့်  ( ၃ )         အနေနဲ့ကတော့   Advance recovery method    ကိုရွေးချယ်လိုက်ပါ


အဆင့်  ( ၄ )        အနေနဲ့ဆက်လက်ပြီး ( Choose Advance recovery method ) တွင် မိမိသိမ်းထားခဲ့ တဲ့ Back up file မှတစ်ဆင့် Restore လုပ်မှာဖြစ်တဲ့အတွက် Use a system image you created earlier to recover your computer ကိုရွေးပြီး Click ပေးလိုက်ပါ။

အဆင့်  ( ၅ )                  ကတော့ Restart ဆိုတာကလစ်လိုက်ပါနော်.



အဆင့် ( ၆ )                 မှာဆက်လက်ပြီးတော့  Next  ဆိုတာကလစ်ပါ။

အဆင့်  ( ၇ )                     ကတော့ အောက်ကပုံတိုင်း
back up လုပ်ထားတဲ့ image file တည်နေရာကို  အလိုအလျောက် ဖေါ်ပြပေးပါလိမ့်မယ်။ Next ကို ဆက်ပြီး Click ပါ။


အဆင့် ( ၈ )                     မှာက Next ဆိုတာနဲ့ဆက်သွားလိုက်ပါ။


အဆင့် ( ၉ )            ကိုဆက်လက်ကြည့်လိုက်ပါ  အောက်ကတိုင်း Finish  ဆိုတာပေါ့ဗျာ..


အဆင့်  ( ၁၀ )                 အနေနဲ့ လုပ်ဆောင်ချက် နောက်ဆုံး ဖြစ်ပါတယ် Restore  လုပ်ငန်းစဆင်နေပါပြီ.. စောင့်နေလိုက်ပေတော့နော်...အိုကေ

စာအုပ်အဖြစ်ဒေါင်းယူလိုပါက  အောက်မှာ  Backup  လုပ်နည်း နဲ့ Restore လုပ်နည်းဆိုပြီး  ၂ အုပ်ခွဲရေးထားပါတယ်..နော်

ကွန်ပျူ တာ Backup လုပ်နည်း
(or)

ကွန်ပျူတာ Restore လုပ်နည်း
(or)
 
ညီနေမင်း(နည်းပညာ)ထံမှကူးယူတင်ပြသည်။

Sunday, November 16, 2014

Flash Animation Software လေးပါ (ဘလော့သမားတွေအတွက်ရှယ်)



မိမိရဲ့ကိုယ်ပိုင် Website တွေ..Blog တွေမှာ Flash Animation ကြော်ငြာတွေ လုပ်ဖို့အတွက် Software လေးဖြစ်ပါတယ်..တော်တော်အသုံးဝင်ပါတယ်..ရိုးရှင်းတဲ့ အသွင်အပြင်ကလည်း အသုံးပြုသူ များအဖို့ လွယ်ကူအဆင်ပြေစေပါတယ်..လိုအပ်သူများ Download ရယူနိုင်ပါပြီ။
 

                                       Flash Banner Wizard v4.8 full version

Download==> Solidfiles / Tusfiles
 
  ref: winkabarkyaw
 

Friday, November 14, 2014

ဖုန်းမှာ google service မရတာကိုကလစ်တစ်ချက်နဲ့ ဖြေရှင်းမယ်......

ကျွန်တော့ဖုန်း huawei U8825D ပါ android ..version 4.04 ပါ ကျွန်တော့မှာအကျင့်တစ်ခုရှိပါတယ် gmail အကောင့်ဖွင့်ရတာအလွန်ဝါသနာပါတဲ့လူပါ... ဒါပေမယ့်ညန်မာပြည်ထုံးစံအတိုင်း verify  code တွေကောစုံစီညံနေတာ စိတ်ဓာတ်တောင်ကျလာတယ်.ဒါနဲ့ကျွန်တော်လည်းမဖွင့်တော့ဘူးတစ်ခါတစ်ရံအကူအညီလာတောင်းတဲ့လူရှိမှပဲဖွင့်တယ်
ဒါတောင်ကံကောင်းလို့   ရတာပါ...ဒါနဲ့ကျွန်တော်မထင်မှတ်ပဲ gmail အကောင့်လားဘယ်နှခုရခြင်လည်းဆိုတဲ့ ဆိုတဲ့ POST ကိုသွားတွေ့တယ်ဒါပေမယ့်ကျွန်တော့ဖုန်းနဲ့ လားလားမှမဆိုင် ဘယ်လိုမှလုပ်မရဘူးဒါနဲ့ ပဲစိတ်ပျက်လက်ပျက်နဲ့   နေနေလိုက်တာမထင်မှတ်ပဲကျွန်တော့် အစ်ကိုကြီး အိုင်တီမုဆိုး ကဆော့ဝဲလ်ကောင်းလေးတစ်ခုရလိုက်တာတစ်ချက်ထဲနဲ့   ပွဲသိမ်းတာပဲသူ့ ဆိုဒ်လင့်မှာကျန်တာအကုန်လိုက်ရှာလို့  ရပါတယ်ကျွန်တော်ပြောတာတွေကို...
ကဲ ကိုအိုင်တီမုဆိုးပြောတဲ့အတိုင်းပြန်ဖော်ပြလိုက်ပါတယ်..

အောက်မှာပေးထားတဲ့ဖိုင်ကိုဒေါင်းပြီးဖိုဒါတစ်ခုထဲမှာဖြည်လိုက် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက် ကွန်ပျူတာကဖုန်းကိုတော့သိရမယ် usb driver install လုပ်ထားပေါ့
ဖုန်းမှာ usb debugging ကိုလည်း အမှန်ခြစ်တပ်ထား ဖုန်းကိုကွနိပျူတာမှာချိတ်ပြီးပြီးပြီဆိုရင် ကျွန်တော်ပေးတဲ့ဖိုင်ထဲက 4.1 ဆိုတဲ့အပေါ်ဆုံးက စက်သွားပုံ .bat ဖိုင်လေးကို double click နှိပ်ပြီး run လိုက်
ဖုန်းက reboot ကျသွားမယ်
လိုအပ်တဲ့ google service တွေကိုလည်း သွင်းပေးသွားမယ်
သတိပေးစရာရှိတာက ဒီလိုလုပ်ပြီးရင် viber တို့ဘာတို့ error တက်သွားတတ်တယ် အဲလိုဖြစ်သွားရင် error တက်သွားတဲ့ app ကို uninstall လုပ်ပေးပြီး ပြန် install လုပ်ပေးလိုက်ရုံပဲ
လိုခြင်ရင် ဒီမှာ ဒေါင်း..နော်

အားလုံးအဆင်ပြေပါစေနော်.....

မှတ်ချက်။   ။ android version 4.1 အထိရတယ် 4.2 ကစပြီးမရတော့ဘူး 4.2 နဲ့အထက်အတွက်က သတ်သတ်ရှိပါတယ်လိုခြင်ရင် C box မှာပြောထားပါအလျင်းသင့်သလို upload တင်ပေးပါ့မယ်...
                         တင်တဲ့ post တိုင်းကိုဖတ်ခြင်ရင် facebook   ကို like ထားလိုက်ပါ
 http://sailounghsaiithelper.blogspot.com မှကူးယူဖော်ပြသည်။

Facebook Emotion လှလှလေးတွေကို ရယူနည်း (for only PC )

မင်္ဂလာနံနက်ခင်းပါ...
ဒါကတော့ကိုယ့်နဲ့ ရင်းနီးသူတွေဖြစ်ဖြစ်၊ကိုယ့်ချစ်သူဖြစ်ဖြစ် Facebook Emotion လှလှလေးတွေပို့ ခြင်ရင် တကယ် Emotion လှလှလေးတွေရနိုင်မယ့်နည်းလေးကိုပြောပြပါမယ့်
ဒီနည်းကိုတော့ အမ Moe Sabal တွေ့ထားတဲ့နည်းလေးပါ....
ဒီနည်းကတော့ PC သမားတွေအတွက်ရည်၇ွယ်ပါတယ် ဖုန်းနဲ့ဆိုရင်တော့ Browser နဲ့ ချက်တဲ့သူမှမြင်ရပါမယ် ဒါတောင် Browser တိုင်းမဆိုလိုပါဘူး

ကဲ စလိုက်ရအောင်ဗျာ
အရင်ဆုံး  ဒီလင့်ခ် ကိုသွားလိုက်ပါ..ပြီးရင်
ကိုယ်ပို့ခြင်တဲ့ Emotion လေးအောက်က Code ကို Copy ကူးပြီး ချက်ဘောက်မှာ Past ချလိုက်ယုံပါပဲ ခင်ည..
          အားလုံးအဆင်ပြေပါစေဗျာ....
 http://sailounghsaiithelper.blogspot.com မှကူးယူဖော်ပြသည်။

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း


FACEBOOK LOCK

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို
အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။
အားလုံး အဆင်ပြေကြပါစေဗျား !!!
http://www.facebook.com/ko.seinthan မှကူးယူဖော်ပြသည်။

cmd တို့ registry တို့ ပိတ်ထားလျှင် ဖွင့်နည်း


 Internet ဆိုင် တွေမှာ cmd တို့ registry တို့ ပိတ်ထားတာ မျိုး တွေကြုံ ဖူးကြလိမ့်မယ်

ဒါဆိုရင် notepad ကို အသုံးပြု ပြီး တော့ကျွန်တော်တို့ ဖွင့်ချင်တာတွေကိုဖွင့်လို့ရပါတယ်။ 
ဖွင့်နည်းကဘယ်လိုလဲ ဆိုရင်
 1. Run box ထဲမှာ notepad ဆိုပြီရိုက်ထည့်လိုက်ပါ ။(WindoweKey+R)ကိုနှိပ်ပါ

2. အဲဒီ notepad ကို  cmd.exe ဆိုပြီး desktop ပေါ်မှာ save လိုက်ပါ ။
ဆေ့ထားတဲ့ file လေးပေါ်မှာ Right Click  > properties  ထဲကို ၀င်လိုက်ပါ။

3.Program Tab ကို သွားပါ ...
Cmd line ဆိုတဲ့အကွက်လေးထဲမှာ
"C:\Documents and Settings\Administrator\Desktop\cmd.exe"
ဒီလိုလင့်မျိုးတွေလိမ့်မယ် အဲဒီမှာ

c:\WINDOWS\system32\command.com လိုပြောင်းရိုက်လိုက် ဒါက cmd ကိုယူတာနော်

တကယ်လို့ registery ကို လိုချင်တယ်ဆိုရင်

c:\windows\regedit.exe လိုပြောင်းရေးလိုက်ပါ
ရေးပြီး ရင် Apply > Ok  ဆိုတာနဲ့ နာမည်တူ shocket တစ်ခုပေါ်လာလိမ့်မယ် .. အဲဒီပေါ်လာတဲ့
shocket လေကိုဖွင့်ကြည့်လိုက် အလုပ်လုပ်သွားတာကိုတွေရပါလိမ့်မယ်
ကျေးဇူးတင်ပါတယ်ခင်ဗျား။

Hard Disk Space များများရရှိပြီး ကွန်ပြူတာမြန်ဆန်စေရန်



 
ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကိုWaste capacity ကို များစွာပေးထားတာပါ ကျွန်တော် တို့က အဲဒီမလို အပ်တဲ့ wasted capacityကို လျှော့ချလိုက်ခြင်းအားဖြင့် free space များများရ ရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ……
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ 3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်. ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ် ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)
ပြန်လည်မျှဝေခြင်းသာဖြစ်သည်။