အလည်ရောက်လာသူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

Blogroll

Friday, November 14, 2014

USB Drive တွေကို DOC Mode ထဲမှ formate ချခြင်း

 USB Drive တွေကို DOC Mode ထဲမှ formate ချခြင်း

တစ်ခါ တလေ ကိုယ်သုံးနေတဲ့ USB Drive ကလေး ပျက်သွားတယ်လို့ထင်ရတတ်တယ်..

Windows ထဲ ကနေ Right Click လုပ်ပြီး Formate ချလို့ မရတော့တဲ့အခါ ဒီ နည်းလေးက နည်းနည်းအဆင်ပြေတယ်လေ… USB Drive Hardware ကြောင့်ဖြစ်စေ Virus ကြောင့်ဖြစ်စေ ပျက်ဆီသွားတတ်တယ်လေ.. USB Drive တိုင်းကို ပြန်ကောင်းလာလိမ့်မယ်လို့တော့

မပြောချင်ပါဘူး..:P ဒါပေမဲ့ မလွတ်ပစ်ခင် စမ်းကြည့်စေချင်လို့ပါ..
စမယ်နော်..
000.png

အရင်ဆုံး ကို USB Drive ကလေးကို Computer မှာတတ်ပြီးတော့

My Computer ကိုဖွင့်ပါ။
001.png


သူငယ်ချင်းတို့ ရဲ့ USB Drive ကို မှတ်ထားပါ ..မှားပြီး format ချမိမှာစိုးလို့…

မှားသွားရင်.. ကိုယ့် တစ်ခြား Drive က Date တွေ ဆုံးရှုံးသွားမှာနော်.. သတိ

ပြီးရင်  Windows  Key + R ကိုတွဲပြီး နှိပ် Run Box ပေါ်လာရင် Cmd လို့ ရိုက်ပါ

002.png


Commend Prompt  ပေါ်လာရင်…

 format G:/fs:Fat32  လို့ရိုက်ပြီး Enter နိုပ်ပါ။

တကယ်လို့ …

Invalid drive specification တို့

‘Farmat ‘  is not recognized as an internal or external command, operable program or batch file

ဆိုရင် စာလုံးပေါင်းမှားနေလို့ပါ သေခြာ ပြန်ရိုက်ပါ။

 003.png

[Drive Latter မမှားအောင် ဂရုစိုက်နော်..]

Insert new disk for drive G:

and press ENTER When ready….ဆိုလျှင်  Enter တစ်ချက်နှိပ်ပါ။

004.png
ခဏစောင့် နော်…


နာမည်ပေးပြီးရင် Enter နှိပ်ပါ။
005.png


ဒီလိုပေါ်လာပြီဆိုရင်တော့ Format ချတာ ပြီးသွားပါပြီ….

ကိုယ့်ရဲ့ Stick ကလေးကို ပြန်ပြီးအသုံးပြုလို့ရသွားပါပြီ…

Commend Prompt  မှာ Exit လို့ ရိုက်ပြီး ပြန်ထွက်လိုက်ပါ…

သူငယ်ချင်းတို့ရဲ့ Stick ကလေး ပြန်အသုံးပြုလို့ရသွားပါပြီ။

တကယ်လို့ Cannot open Volume for direct access. ဆိုတဲ့ error ပဲ ပေါ်နေတယ်ဆိုရင်တော့..

Hardware ပိုင်း ပျက်သွားတာဖြစ်နိုင်တယ်.. လွတ်ပစ်လိုက်လိုရပြီပေါ့နော်…


သူငယ်ချင်တို့ အကို ၊ အမ ၊ ညီ ၊ ညီမတို့အတွက် သိသလောက်လေး

ဖတ်မိလေ့လာမိသလောက် ပြန်ပြီးမျှဝေလိုက်ပါတာပါ …လိုအပ်ချက်များစွာ ရှိပါသေးသည်။

ကြိုးစားလေ့လာရင်း လက်တည့်စမ်းနေသည်။သိပြီးသူတွေကတော့ အကြံဥာဏ်များပေးနိုင်၊သင်ပေးနိုင်ပါတယ်..ခင်ဗျာ

0 comments:

Post a Comment