အလည်ရောက်လာသူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

Blogroll

Sunday, November 9, 2014

Microsoft word file ကို password လေးနဲ့သိမ်းမယ်

ကိုယ်ရဲ့ Microsoft word file လေးသူများဖွင့်မှာ စိုးနေရင် ဒီလိုလုပ်လိုက်ပါ
word file ကို save လုပ်တဲ့ box မှာ tool ဆိုတာလေးကိုရှာ
အဲဒီမှာ general option ကိုသွား
အဲဒီမှာ Password လေးကို သူတောင်းသလောက်ထည့်ပေးလိုက်ပါ
လွယ်ပါတယ်(ကျနော်ပြောတာက word 2007 မှာပါ၊ 2003 မှာလဲ သိပ်မကွာလောက်ပါဘူး ရှာကြည့်လိုက်ပေါ့)
ကဲ မလုံခြုံပေဘူးလား။ တိုတိုတောင်းတောင်း ဖြစ်ပြီးတော့ မှတ်သားဖွယ်ဖြစ်ပါတယ်ဗျာ ဆရာလုပ်တာတော့မဟုတ်ဘူးနော်
April 28th, 2012  Computer  No Comments »
Explorer Hack ..
Desktop task bar က Start button ရဲ့ Start ဆိုတဲ့ စာလုံးလေးကို ကိုယ့်စိတ်ကြိုက်စာလုံးပြောင်းရအောင် …
ပထမဦးဆုံး Desktop မှာ Temp ဆိုတဲ့ နာမည်နဲ့ ယာယီ Folder တစ်ခုတည်ဆောက်ပါမယ် .. ။ ပြီးတော့ C:\WINDOWS ထဲက explorer.exe ကို Temp ထဲကို ကူးယူပါမယ် .. ။ ပြီးရင် .. Resource Hacker Software ကို ဖွင့်ပါ .. ။ File –> Open ကနေ Temp ထဲက explorer.exe ကို ဖွင့်ပါ။ အဲဒီအခါ Resource Hacker ထဲက ဗယ်ဘက် tree view ထဲမှာ .. Bitmap .. Icon .. Menu .. Dialog .. String Table .. Accelerators စသဖြင့် ပေါ်လာတာတွေ့ရပါမယ် .. ။ အဲဒီထဲက String Table ဆိုတဲ့ Folder ကို ဖွင့်ပါ .. ။ String Table ထဲက 37 ဆိုတဲ့ Folder ကို ဖွင့်ပါ .. ။ အဲဒီထဲမှာ .. 1033 ဆိုတဲ့ String Resource တစ်ခုကို တွေ့ရပါမယ် .. ။ အဲဒီ Resource ကို ဖွင့်ပါ .. ။ Offset 578 မှာ “Start” ဆိုတဲ့ စာလုံးကို တွေ့ရပါမယ် .. ။ အဲဒီစာလုံး ကို ဖျက်ပြီး .. စိတ်ကြိုက်စာလုံး အစားထိုးပါ .. ။ အစားထိုးပြီးရင် .. Resource Hacker ရဲ့ ညာဘက်အပေါ်ဘက်မှာ Compile Script ဆိုတဲ့ ခလုပ်ကလေး ကို နှိပ်ပါ .. ။ ပြီးရင် .. File –> Save လုပ်ပါ .. ။ Resource Hacker ကို ပိတ်ပြီး .. Temp Folder ထဲကို ကြည့်ရင် .. explorer.exe_original နဲ့ explorer.exe ဆိုပြီး file နှစ်ခု တွေ့ပါလိမ့်မယ် .. ။ explorer.exe ကို explorer2.exe လို့ နာမည်ပြောင်းလိုက်ပါ .. ။ ပြီးရင် .. C:\WINDOWS folder ထဲကို ကူးထည့်ပေးလိုက်ပါ .. ။ Run–>regedit ကနေ registry editor ကို ဖွင့်ပါ .. ။
My Computer\HKEY_LOCAL_MACHINE\SOFTWARE\Micorsoft\Windows NT\CurrentVersion\Winlogon အထိ ဖွင့်ပါ .. ။ Winlogon ကိုရောက်ရင် .. ညာဘက် panel ထဲမှာ shell ဆိုတဲ့ String Value တစ်ခုကို ရှာပြီး Right Click နှိပ်ပြီး modify ကိုရွေးပါ .. ။ အဲဒီအခါ Edit String dialog box တစ်ခုပေါ်လာပါလိမ့်မယ် .. ။ Value data ထဲမှာ Explorer.exe နေရာမှာ .. Explorer2.exe လို့ ပြောင်းပေးပြီး OK နှိပ်ပြီး .. registry Editor ကို ပိတ်နိုင်ပါပြီ .. ။ ပြီးရင် .. System ကို Restart ပေးလိုက်ပါ .. ။ Windows ပြန်တက်လာရင် .. Task bar က Start button လေးကို ကြည့်လိုက်ပါ .. ။ စိတ်ကြိုက်စာလုံးလေးဖြစ်နေပါပြီ .. ။
       အေးမင်းအောင်(နည်းပညာ) ထံမှူးယူဖော်ပြသည်။

0 comments:

Post a Comment